HTML ဆိုတာဘာလဲ?
- HTML ရဲ့ နာမည်အရှည်ကောက်က Hyper Text Markup Language ဖြစ်ပါတယ်။
- HTML ကို Website စာမျက်နှာများဖန်တီးရာမှာ စံအဖြစ် အသုံးပြုကြတယ်။
- HTML ဟာ Website စာမျက်နှာတွေအတွက်အဓိက ကျောရိုးတစ်ခုဖြစ်တယ်။
- HTML ထဲမှာ သက်ဆိုင်ရာ HTML Elements တွေကို အသုံးပြုပြီး Browser မှာ ပုံဖော်ဖို့အသုံးကြပါတယ်။
HTML Elements တွေကဘာတွေလဲ။
- HTML Element တွေမှာ အဖွင့်၊ ဒေတာတချို့ နဲ့ အပိတ် တွေပါဝင်တယ်
ဥပမာ.
<tagname>
Some content goes here…
</tagname>
HTML ကို ဘယ်မှာသုံးရမှာလဲ။
HTML code တွေကို မိုဘိုင်းဖုန်းကနေပဲဖြစ်စေ၊ ကွန်ပျူတာကနေပဲဖြစ်စေ Chrome
, Firefox
, Edge
, Opera
, Safari
အစရှိတဲ့ Web Browser တိုင်းမှာ ဖွင့်ပြီးအသုံးပြုနိုင်ပါတယ်။
Blog Posts